10/4/08

Ashin Gambira under attack in the court

အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ အချေအတင်ဖြစ်ပွား

ရိုးမ ၃။ အောက်တိုဘာ ၄၊ ၂၀၀၈

ပြီးခဲ့သည့် တနင်္လာနေ့ ရုံးချိန်းတွင် အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ စကားအချေအတင် ဖြစ်ပွားခဲ့သည်။


အရှင်ဂမ္ဘီရ၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ရှိန်အား လျှောက်လဲချက်ပေးမရအောင် တရားသူကြီး၊ ဥပဒေဆွဲချနှင့် စာရေးမ ၂ ဦးက ဝိုင်းနှောင့်ယှက်သဖြင့် အရှင်ဂမ္ဘီရနှင့် စကားအချေအတင်များ ခဲ့ကြသည်။

“ဦးဇင်းက အဲဒီမှာ ထပြောတာ၊ ငါ့ရှေ့နေကို ဘာမှ အတင်းအကြပ်ပြောနေစရာမလိုဘူး၊ ငါ (FDB)နဲ့လည်း အဆက်အသွယ် လုံးဝမရှိဘူး၊ တရားခွင်မှာ ဒီလိုအနိုင်မကျင့်နဲ့၊ မကျေနပ်ရင် ကြိုးပေးလိုက်ကွ ဆိုပြီးပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီနှင့် ရွှေဝါရောင်တော်လှန်ရေးအား နာမည်ဖျက်ရန်အတွက် အမျိုးမျိုး လုပ်ဆောင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“အာဏာပိုင်တွေက ဦးဇင်းရဲ့ညီအရင်း အောင်ကိုကိုလွင်ကို စည်းရုံးနေတာ၊ သူတို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ဦးဇင်းတို့ကို နာမည်ဖျက်မယ်၊ ဖေါက်ခွဲရေးပုဒ်မတွေနဲ့ တပ်ပြီး လုပ်ချင်နေ တာ”ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီရ၏နှမဖြစ်သူအား ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းများ မပြုလုပ် ရန် လက်မှတ်ထိုးခိုင်းသည့်အတွက် လက်မှတ်ထိုးပေးခဲ့ကြောင်း မိသားစုဝင်က ဆက်လက် ပြောဆိုခဲ့သည်။

အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းနေမကောင်းဖြစ်တယ်၊ အခုတော့ သက်သာသွားပါပြီ၊ စိတ်ညစ်စရာတွေများတော့ ပင်ပန်းသွားပြီးဖြစ်တာ”ဟု ဆက်လက်ပြောသည်။

No comments: