6/16/08

ဆရာတော် ဦိးဂမ္ဘီရကို ပြီးခဲ့တဲ့ မတ်လကတည်းက ရုံးထုတ်စစ်ဆေးခြင်းမရှိ

RFA 2008-06-15
စက်တင်ဘာသံဃာ့ လှုပ်ရှားမှု ဦိးဆောင်ဆရာတော် အရှင် ဂမ္ဘီရကို ဖမ်းဆီးထိမ်းသိမ်းပြီး နောက်ပိုင်း၊ ပြီးခဲ့တဲ့ မတ်လကတည်းက ရုံးထုတ်စစ်ဆေးခြင်း မရှိသလို၊ ရမန်ယူတာလည်း မရှိဘူးလို့ အင်းစိန်ထောင် သတင်းရပ်ကွက်က ပြောပါတယ်။

အရှင်ဂမ္ဘီရဟာ အင်းစိန်ထောင် တိုက် ၁၊ အခန်း ၁ မှာ ချုပ်နှောင်ခံထား ရပါတယ်။ လောလောဆယ်မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပေမယ့်၊ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ မုန်တိုင်း တိုက်ခတ်စဉ်၊ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ၊ မတရား ရိုက်နှက်တာတွေကို ကြားသိရပြီး စိတ်အတော် ထိခိုက်နေခဲ့ပေမယ့် အခုအခါမှာ ပုံမှန်ပြန်လည်ရှိနေပြီး၊ တရားအားထုတ်တာတွေလည်း ပြုလုပ်နေ နိုင်တယ်လို့ သိရပါတယ်။
အရှင်ဂမ္ဘီရကို ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ၊ မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ်အတွင်းမှာ စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လာမယ့် ဇွန်လ ၁၉ ရက်ဟာ အရှင်ဂမ္ဘီရရဲ့ မွေးနေ့ဖြစ်ပြီး၊ သက်တော် ၂၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

No comments: